ပန်းညိုကွင်း ကျောင်းမှာ ..
ကွင်းကလေးကျောင်းပရဟိတ ကလေးတွေကို စုခေါ်ထားပြီး..
4.11.2012 မွေးနေ့ညစာ ဒန်ပေါက် နဲ့
ရေခဲမုန့်ကျွေးမွေးခဲ့ပါတယ်..
မျောက်ချောကုန်းပရဟိတကို
တစ်ဖွဲ့ကဆက်သွာပြီး
မွေးနေ့ညစာ
ကျွေးကြပါတယ်..
ဓါတ်ပုံမှတ်တမ်းက
ဒီလောက်ပါဘဲ..
မွေးနေ့ရှင် မနိုဘယ်လ်မိုး နှင့် "ကုသိုလ်"တစ်ဖွဲ့လုံးကိုပါ
ကြယ်ငါးကောက်သူများအဖွဲ့က
ကျေးဇူးအထူးတင်ပါတယ်..
ကလေးတွေလဲ
အတွေ့အကြုံသစ် ရသွားပါတယ်..
ကလေးတစ်ဝက်လောက်က
ဒန်ပေါက်မစားဘူးကြပါဘူး..
စားဘူးသူတစ်ဝက်လောက်ကလဲ
ခုလိုတစ်ပွဲစာ မဟုတ်ပါဘူး..
နောက်တစ်ခါ
စားကြရင် ထောပတ်ထမင်း စားမလား ပဲထမင်းစားမလား မေးတော့..
ပဲထမင်း တဲ့..
အေး.. ထမင်းနဲ့
ပဲပြုတ်နယ်ပြီးကျွေးမယ် ပြောတော့ ပြုံးစိစိနဲ့.. တကယ်ထင်နေကြတယ်..
ပုံတွေကို
ခင်ရာမင်ကြောင်း share လုပ်ပေးကြပါ..
အားလုံး အားလုံးဆီကလဲ
“ပင်ပန်းမကြီး”
တဲ့ လက်တစ်ကမ်းအကူအညီများနဲ့
ရပ်တည်
ဆောင်ရွက်ချင်ပါတယ်..
စိတ်အေးချမ်းသာလွန်းလို့ပါ
ဗျာ..




































No comments:
Post a Comment