StarFish Picker - ကြယ်ငါးကောက်သူများ မြန်အောင်မြို့။

StarFish Picker- မြန်အောင်မြို့ မှ ကြယ်ငါးကောက်သူများ အဖွဲ့ သည် အမှန်တကယ်လိုအပ်နေသဖြင့် အကူညီတောင်းခံလာသော ညာဏ်ရည်
ထက်မြက်ပြီး ပညာသင်ရန်မတတ်နိုင်တော့သော ကလေးငယ်များ၏
ပညာရေး၊ ကျန်းမာရေး နှင့် မြောက်ချောကုန်းပရဟိတ၊ ကွင်းကလေး
ပရဟိတ၊ ပန်းညိုကွင်းပရဟိတကျောင်းများမှ ကလေးငယ်များ၏ စား၊
ဝတ်၊ နေရေး၊ ကျန်းမာရေး များကိုပါ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်လံကူညီ စောင့်ရှောက်ပေးနေကြသည်ကိုလာရောက်ကြည့်ရှုကြသူ
များအား ထပ်တူ ၀မ်းမြောက်ပီတိ ဖြစ်စေချင်သော၊ မျှဝေခံစားစေလို
သော ဆန္ဒဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြန်အောင်မြို့သို့ ရောက်ခဲ့လျှင်လည်း ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ဆက်သွယ်နိုင်ပြီး
ပရဟိတကျောင်းများသို့ လာရောက် ကြည့်ရှု သဒ္ဒါပွါးနိုင်ပါသည်။

Starfish Pickers Blog လေးကို လာရောက် ကြသော မိတ်ဆွေအပေါင်း ကြည်နူးမှုများနှင့် အတူ သာဓု ခေါ်နိုင်ကြပါစေ။

စိတ်နှလုံးမှာ အစဉ် ရွှင်ပြုံးသာယာ နိုင်ကြပါစေ......

လုပ်ဆောင်မှုတိုင်း ကို Update လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ထပ်မံ လာရောက် ကြည့်ရှု သာဓုခေါ်နိုင်ကြစေရန်လည်း ဖိတ်ခေါ်ပါတယ်။

Friday, 2 November 2012

လက်ပံရပ်ကျောင်း အာဟာရ ကျွေးပွဲ

မြန်အောင်မြို့၊ လက်ပံရပ်ကျောင်း တွင် မူလတန်း ကလေးများအား အာဟာရကျွေးမွေးခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများ
ခမ်းမတွင်းမှ အာဟာရ သုံးဆောင်ကြမည့် ကလေးငယ်များ

ကလေးငယ်များ သံပြိုင် ကဗျာရွက်ဆိုနေကြစဉ်

ကလေးများ အတွက် အာဟာရ ပွဲများ ပြင်ဆင်နေကြပုံများ




ကလေးများ အာဟာရ သုံးဆောင်နေကြပုံ


ကလေးများအား ပညာရေး အထောက်ပံ့ ပစ္စည်းများ နှင့် မုန့်များ ပေးဝေ နေကြပုံများ





ကြယ်ငါးအဖွဲ့မှ ဗဟုသုတ နှင့် ပညာပေး ပုံပြင်များ ပြောကြားနေပုံ

အတန်းအသီးသီးမှ ထူးချွန်ဆု ရရှိကြသော ကလေးငယ်များကို စာရေးကိရိယာများ၊ အရုပ် နှင့် လက်ပတ်နာရီ ဆုလက်ဆောင်များ ပေးခဲ့ကြပုံများ




ရရှိထားသော လက်ဆောင်ပစ္စည်းများ မုန့်များနှင့် ပျော်နေကြသော ကလေးများ

No comments:

Post a Comment