StarFish Picker - ကြယ်ငါးကောက်သူများ မြန်အောင်မြို့။

StarFish Picker- မြန်အောင်မြို့ မှ ကြယ်ငါးကောက်သူများ အဖွဲ့ သည် အမှန်တကယ်လိုအပ်နေသဖြင့် အကူညီတောင်းခံလာသော ညာဏ်ရည်
ထက်မြက်ပြီး ပညာသင်ရန်မတတ်နိုင်တော့သော ကလေးငယ်များ၏
ပညာရေး၊ ကျန်းမာရေး နှင့် မြောက်ချောကုန်းပရဟိတ၊ ကွင်းကလေး
ပရဟိတ၊ ပန်းညိုကွင်းပရဟိတကျောင်းများမှ ကလေးငယ်များ၏ စား၊
ဝတ်၊ နေရေး၊ ကျန်းမာရေး များကိုပါ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်လံကူညီ စောင့်ရှောက်ပေးနေကြသည်ကိုလာရောက်ကြည့်ရှုကြသူ
များအား ထပ်တူ ၀မ်းမြောက်ပီတိ ဖြစ်စေချင်သော၊ မျှဝေခံစားစေလို
သော ဆန္ဒဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြန်အောင်မြို့သို့ ရောက်ခဲ့လျှင်လည်း ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ဆက်သွယ်နိုင်ပြီး
ပရဟိတကျောင်းများသို့ လာရောက် ကြည့်ရှု သဒ္ဒါပွါးနိုင်ပါသည်။

Starfish Pickers Blog လေးကို လာရောက် ကြသော မိတ်ဆွေအပေါင်း ကြည်နူးမှုများနှင့် အတူ သာဓု ခေါ်နိုင်ကြပါစေ။

စိတ်နှလုံးမှာ အစဉ် ရွှင်ပြုံးသာယာ နိုင်ကြပါစေ......

လုပ်ဆောင်မှုတိုင်း ကို Update လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ထပ်မံ လာရောက် ကြည့်ရှု သာဓုခေါ်နိုင်ကြစေရန်လည်း ဖိတ်ခေါ်ပါတယ်။

ဘုရားဖူး ဗဟုသုတခရီးတို မှတ်တမ်းများ

7.10.12 မှာ မြောက်ချောကုန်း၊ ကွင်းကလေး၊ ပန်းညိုကွင်း ၃ ကျောင်းစလုံးက ကလေး ၈၅ ဦးကို မြန်အောင် တာဝတံသာဘုရားပွဲကို အလည်ခေါ်ခဲ့ပါတယ်ဘုရားဖူး ဗဟုသုတခရီးတိုပေါ့..မနက် ၇ နာရီ ကားလေးစီးနဲ့ ကလေးတွေကို သွားခေါ်ပါမယ်..
ကြယ်ငါးအဖွဲ့ အပြင် မြို့နယ် မီးသတ်ဋ္ဌာနနဲ့ ကြက်ခြေနီတပ်ဖွဲ့ကပါ ကူညီကြပါမယ်..
တရုတ်ဘုံကျောင်းမှာ နားဘို့စီစဉ်ထားပါတယ်..ခနနား..ဘုရားပွဲကို ခြေလျှင်လျှောက်မယ်..
ဘုရားဖူးကံတော့ ..ပြီးရင် ရဟတ် နဲ့ ပျော့အိအိ ကစားကွင်းမှာ ကစားကြပါမယ်..
ကစားလို့ စီးလို့ပြီးရင် ဈေးတန်းလည်..၀ယ်ချင်တာရှိရင်ဝယ်.. ဘုံကျောင်းကိုပြန်ကြပါမယ်..
နေ့လည်စာထမင်းကို ကြက်ဆီပြန်..အာလူးပဲဟင်းအချို..ငါးပိကျော်နဲ့ကျွေးမယ်..
စားလို့ပီးရင် ဖိနပ် etc: လိုတာလေးတွေဝယ်ပေးပြီး.. မြို့ထဲကိုသွားမယ်..
နေခြည်ဈေးကိုဝင်ပြီး ဖိတ်ထားတဲ့ဆိုင်တွေ ကိုလည်မယ် (ဆိုင်တွေက မုန့် စာအုပ် နှင့် အခြားသော ပစ္စည်းတွေ ဝေကြမယ်)..ဆိုင် ၂၀ လောက်ဖိတ်ထားကြတယ်..
ပြီးရင် ဆုတောင်းပြည်စေတီကိုသွားမယ်..ဘုရားဖူးမယ်..ဧရာဝတီမြစ်ကိုပြမယ်..
ဘုရားမှာ ကျောက်ကျောရွှေရင်အေး စီစဉ်ထားပါတယ်..
ကြက်ခြေနီအဖွဲ့က ကျန်းမာရေးပညာပေးစကား ..ကြယ်ငါးအဖွဲ့က ပုံပြောတာမျိုးတွေလုပ်မယ်..
ပြီးရင် ရုံးလမ်းအတိုင်း အားကာခန်းမ..ဆေးရုံ..ဆည်မြောင်းဝန်း..တရားရုံး..ဆေးရုံ..မ၀တရုံး..
ခရစ်ရန်ဘုရားကျောင်း..ဆက်သွယ်ရေးစာတိုက် စတဲ့ လမ်းတစ်ရှောက် ပြမယ် ရှင်းပြမယ်..
လမ်းဆုံမှာ ပန်းခြံကို ရောက်မယ်..လျှောစီးကြ ကစားခိုင်းမယ်...
ပီးချိန်မှာ ဟိနူအဖွဲ့က အအေးနဲ့ မုန့်လာကျွေးကြမယ်..
အပြန်တွက်ကားစီစဉ်ထာမယ်..ပန်းခြံကနေ မျောက်ချောကုန်းနဲ့ ၃ရွာစလုံးကိုပြန်ပို့ပေးမယ်..
အစီစဉ်က အဲဒါပါဘဲ..
မနက် ၅ နာရီကလူစစု မုန့်စားပြီးကြရင်..စကြမှာ..
ညနေ ၅ နာရီ ပြန်ပို့အပြီးလို့ မှန်းထားတယ်..
ပင်ပန်းမှာသေချာတယ်..အားလုံးပျော်ကြမှာကပိုသေချာတယ်ထင်ပါတယ်..
ကားတွေကိုလဲ သင့်ငွေပေးငှားတယ်..အားလုံးအားလုံးကို ကြက်ဝယ်တာကအစ
တန်ရာတန်ဘိုးနဲ့ပါ.. ရဟတ်အဖွဲ့က တ၀က်ပဲယူမယ်လို့ အကြောင်းပြန်ပါတယ်..
မနှစ်ကထက် ပိုအောင်မြင်မယ်ထင်တယ်..
နဲနဲဆိုးတာက အခုမိုးရွာနေတယ်..မနက်ကျရင်တော့တိတ်သွားမှာပါ..
ည ၇ နာရီအထိတော့ လမ်းမပျက်သေးဘူးလို့ ရွာက ဖုန်းဆက်တယ်..



27.10.2012 နေ့က ကြယ်ငါးကောက်သူများအဖွဲ့အစီအစဉ်နဲ့ မျောက်ချောကုန်း
ကွင်းကလေးနဲ့ ပန်းညိုကွင်းပရဟိတကလေးများ၏ သီတင်းကျွတ် တာဝတံသာဘုရားပွဲ
ခရီတို မှတ်တမ်းပုံတွေပါ

ရိုက်ဖြစ်တာအများကြီးဘဲ..လိုတာလောက်ရွေးတာတောင် 100 လောက်ရှိတယ်..
သည်းခံသာကြည့်ကြပေတော့..
ကုန်ကျစရိတ်ကတော့ နှစ်သိန်းခွဲ ၀န်းကျင်တော့သေချာပါတယ်..
ကျန်တဲ့သူတွေကိုလဲ forward လုပ်ပေးကြပါ..

ပင်ပန်းမကြီး တဲ့ လက်တစ်ကမ်းအကူအညီများကို
ကြယ်ငါးကောက်သူများက မျှော်လင့်ပါကြောင်း ...ပြောပေးပါ..

ချစ်ခင်လေးစားလျှက်
ကိုထွဋ်
 




































































































ကြည်နူး သဒ္ဒါ ပေါက်လို့ လှူဒါန်း လိုတယ်ဆိုရင်တော့ ကြယ်ငါးအဖွဲ့ကို သာ အမြန်ဆုံးဆက်သွယ်လိုက်ပါ။
သဒ္ဒါ ကြည်ဖြူစွာ လှူဒါန်းမည့် အလှူရှင်များ အားလုံးကို ကြယ်ငါးအဖွဲ့က လက်ကမ်းကြိုဆိုလျှက်ပါ

No comments:

Post a Comment