NewYearEve
ကို အဖွဲ့လိုက် တစ်ခုခုမလုပ်ကြတော့ဘဲ .. နောက်နေ့မနက် အစောကြီးထကြတယ်
1.1.2013
မနက် 3 နာရီအဖွဲ့လိုက် မျောက်ချောကုန်းသွားကြ ..
ဆိုင်ကယ်
10 စီး .. လူ 18 ယောက် ..မုန့်ဟင်းခါးတောင်း နဲ့ လိုတာတွေသယ်ကြ ..
ဟိုရောက်တော့
မီးမွှေး မုန့်ဟင်းခါးချက် ..
ကလေးတွေကိုနှိုး
.. မျက်နှာသစ် သနပ်ခါးလိမ်းပေး..
အကြီးတွေက
ရေငင်ပေး .. ပုဂံတွေကူသယ်ပေး ..၀ိုင်းကူကြပါတယ် ..
5.30 မှာ
ကလေးတွေကို ဖယောင်းတိုင် 3 တိုင်စီဝေ ..မီးထွန်းပြီး..
စေတီလေးကိုသွား
..မီးပူဇော် .. ဘုရားရှိခိုးကြပြီ ..
ဦးက နှစ်သစ်ရဲ့
ပထမဆုံးနေ့ နဲ့ ထွက်လာမဲ့ နှစ်သစ်ရဲ့နေမင်း ..
မင်္ဂလာရှိရှိ
ဘာသာတရားနဲ့ .. နှစ်သစ်နေ့ဦးကိုစတင်တဲ့ပွဲဖြစ်ကြောင်း
..ရှင်းပြပါတယ်
..
မီးရှူးမီးပန်းတွေလွှတ်
.. ပေါက်တာပေါက် ..မပေါက်တာမပေါက် ..ပျော်ကြပေါ့..
အားလုံး..အားလုံးတို့ခင်ဗျား
...
1.1.2013
(NewYear) မနက်ခင်း ၊ မျောက်ချောကုန်းပရဟိတ ကလေးများနဲ့
ကြယ်ငါးကောက်အဖွဲ့
နှစ်သစ်အလှူဒါနနဲ့အတူ နှစ်သစ်မနက်ခင်းမှာ
ပျော်စရာလေးတွေရဲ့မှတ်တမ်းပုံများ
အားလုံးကို မျှဝေပေးပို့ပါတယ် ..
အားလုံး နှစ်သစ်မှာ အဆင်ပြေအောင်မြင်ကြပါစေ...
No comments:
Post a Comment