StarFish Picker - ကြယ်ငါးကောက်သူများ မြန်အောင်မြို့။

StarFish Picker- မြန်အောင်မြို့ မှ ကြယ်ငါးကောက်သူများ အဖွဲ့ သည် အမှန်တကယ်လိုအပ်နေသဖြင့် အကူညီတောင်းခံလာသော ညာဏ်ရည်
ထက်မြက်ပြီး ပညာသင်ရန်မတတ်နိုင်တော့သော ကလေးငယ်များ၏
ပညာရေး၊ ကျန်းမာရေး နှင့် မြောက်ချောကုန်းပရဟိတ၊ ကွင်းကလေး
ပရဟိတ၊ ပန်းညိုကွင်းပရဟိတကျောင်းများမှ ကလေးငယ်များ၏ စား၊
ဝတ်၊ နေရေး၊ ကျန်းမာရေး များကိုပါ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်လံကူညီ စောင့်ရှောက်ပေးနေကြသည်ကိုလာရောက်ကြည့်ရှုကြသူ
များအား ထပ်တူ ၀မ်းမြောက်ပီတိ ဖြစ်စေချင်သော၊ မျှဝေခံစားစေလို
သော ဆန္ဒဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြန်အောင်မြို့သို့ ရောက်ခဲ့လျှင်လည်း ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ဆက်သွယ်နိုင်ပြီး
ပရဟိတကျောင်းများသို့ လာရောက် ကြည့်ရှု သဒ္ဒါပွါးနိုင်ပါသည်။

Starfish Pickers Blog လေးကို လာရောက် ကြသော မိတ်ဆွေအပေါင်း ကြည်နူးမှုများနှင့် အတူ သာဓု ခေါ်နိုင်ကြပါစေ။

စိတ်နှလုံးမှာ အစဉ် ရွှင်ပြုံးသာယာ နိုင်ကြပါစေ......

လုပ်ဆောင်မှုတိုင်း ကို Update လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ထပ်မံ လာရောက် ကြည့်ရှု သာဓုခေါ်နိုင်ကြစေရန်လည်း ဖိတ်ခေါ်ပါတယ်။

Monday, 14 January 2013

ကုသိုလ် အဖွဲ့မှတဆင့် ဆက်သွယ်လှူဒါန်းသော စင်္ကာပူမှ မနိုဘယ်လ်မိုး၏ မွေးနေ့ ဒါနအလှူ



ပန်းညိုကွင်း ကျောင်းမှာ ..
ကွင်းကလေးကျောင်းပရဟိတ ကလေးတွေကို စုခေါ်ထားပြီး..
4.11.2012 မွေးနေ့ညစာ ဒန်ပေါက် နဲ့ ရေခဲမုန့်ကျွေးမွေးခဲ့ပါတယ်..
မျောက်ချောကုန်းပရဟိတကို တစ်ဖွဲ့ကဆက်သွာပြီး
မွေးနေ့ညစာ ကျွေးကြပါတယ်..
ဓါတ်ပုံမှတ်တမ်းက ဒီလောက်ပါဘဲ..
မွေးနေ့ရှင် မနိုဘယ်လ်မိုး နှင့် "ကုသိုလ်"တစ်ဖွဲ့လုံးကိုပါ
ကြယ်ငါးကောက်သူများအဖွဲ့က ကျေးဇူးအထူးတင်ပါတယ်..
ကလေးတွေလဲ အတွေ့အကြုံသစ် ရသွားပါတယ်..
ကလေးတစ်ဝက်လောက်က ဒန်ပေါက်မစားဘူးကြပါဘူး..
စားဘူးသူတစ်ဝက်လောက်ကလဲ ခုလိုတစ်ပွဲစာ မဟုတ်ပါဘူး..
နောက်တစ်ခါ စားကြရင် ထောပတ်ထမင်း စားမလား ပဲထမင်းစားမလား မေးတော့..
ပဲထမင်း တဲ့..
အေး.. ထမင်းနဲ့ ပဲပြုတ်နယ်ပြီးကျွေးမယ် ပြောတော့ ပြုံးစိစိနဲ့.. တကယ်ထင်နေကြတယ်..

ပုံတွေကို ခင်ရာမင်ကြောင်း share လုပ်ပေးကြပါ..
အားလုံး အားလုံးဆီကလဲ
ပင်ပန်းမကြီး တဲ့ လက်တစ်ကမ်းအကူအညီများနဲ့
ရပ်တည် ဆောင်ရွက်ချင်ပါတယ်..
စိတ်အေးချမ်းသာလွန်းလို့ပါ ဗျာ..





































No comments:

Post a Comment