StarFish Picker - ကြယ်ငါးကောက်သူများ မြန်အောင်မြို့။

StarFish Picker- မြန်အောင်မြို့ မှ ကြယ်ငါးကောက်သူများ အဖွဲ့ သည် အမှန်တကယ်လိုအပ်နေသဖြင့် အကူညီတောင်းခံလာသော ညာဏ်ရည်
ထက်မြက်ပြီး ပညာသင်ရန်မတတ်နိုင်တော့သော ကလေးငယ်များ၏
ပညာရေး၊ ကျန်းမာရေး နှင့် မြောက်ချောကုန်းပရဟိတ၊ ကွင်းကလေး
ပရဟိတ၊ ပန်းညိုကွင်းပရဟိတကျောင်းများမှ ကလေးငယ်များ၏ စား၊
ဝတ်၊ နေရေး၊ ကျန်းမာရေး များကိုပါ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်လံကူညီ စောင့်ရှောက်ပေးနေကြသည်ကိုလာရောက်ကြည့်ရှုကြသူ
များအား ထပ်တူ ၀မ်းမြောက်ပီတိ ဖြစ်စေချင်သော၊ မျှဝေခံစားစေလို
သော ဆန္ဒဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြန်အောင်မြို့သို့ ရောက်ခဲ့လျှင်လည်း ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ဆက်သွယ်နိုင်ပြီး
ပရဟိတကျောင်းများသို့ လာရောက် ကြည့်ရှု သဒ္ဒါပွါးနိုင်ပါသည်။

Starfish Pickers Blog လေးကို လာရောက် ကြသော မိတ်ဆွေအပေါင်း ကြည်နူးမှုများနှင့် အတူ သာဓု ခေါ်နိုင်ကြပါစေ။

စိတ်နှလုံးမှာ အစဉ် ရွှင်ပြုံးသာယာ နိုင်ကြပါစေ......

လုပ်ဆောင်မှုတိုင်း ကို Update လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ထပ်မံ လာရောက် ကြည့်ရှု သာဓုခေါ်နိုင်ကြစေရန်လည်း ဖိတ်ခေါ်ပါတယ်။

Tuesday, 15 January 2013

မျောက်ချောကုန်း ပရဟိတမှာ ထပ်တိုး အစီအစဉ်


မျောက်ချောကုန်းပရဟိတမှာ ထပ်တိုးအစီအစဉ်ကတော့ ..
အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည်စာကို နံနက် (၁၁) နာရီမှာ အဖွဲ့က ခုလ
ဒီဇင်ဘာကစကျွေးပါပြီ .. တစ်နပ်ကို 10000 ကျပ်တစ်သောင်း နှုန်းပါဘဲ ..
ခုဆိုရင် ကြယ်ငါးအဖွဲ့ကတာဝန်ယူထားတာ ဗုဒဟူး ၊ စနေ ညနေစာ၂ နပ်
တနင်္ဂနွေ နေ့လည်စာ ၁ နပ် ၊ ပေါင်း ၃ နပ်ဖြစ်ပါတယ် ..
အဆင်ပြေမယ်ဆိုရင် စနေနေ့ နေ့လည်စာပါ ထပ်တိုးဘို့စဉ်းစားထားကြပါတယ်..

နောက်တစ်ခုက
စာမေးပွဲတွေနီးလာပြီမို့ ညဘက်စာကြည့်ဘို့ လျှစ်စစ်မီးလိုလာပါတယ်..
ပထမတော့ ဆိုလာစနစ်နဲ့ ဘက်ထရီအိုး အင်ဗာတာ သုံးဘို့ စဉ်းစားကြည့်ပါတယ် ..
ခုအဆင်ပြေသွားတာက ဘုန်းကြီးကျောင်းမှာ မီးစက်အသေးတစ်လုံးရှိပါတယ် ..
ဆီထည့်မောင်းဖို့ ဂါပကအဖွဲ့က ခွင်ြ့ပုတယ် ..
ဒီတော့ညစဉ် ၆ နာရီက ၉နာရီ ထိမောင်းဘို့ ..
ဒီဇယ်ဆီ ညစဉ် 1000 တစ်ထောင်ဘိုး ဂါလံတစ်စိတ် ပေးထားပြီး မီးမောင်းနေပါပြီ ..
ကြယ်ငါးအဖွဲ့က ဆီဘိုး တစ်လ ကို 30000 ထောက်ပံ့ဘို့ သဘောတူဆောင်ရွက်နေပါပြီ ..

ကြယ်ငါးအဖွဲ့ ဆာင်ရွက်နေတာတွေကို သိစေချင်လို့ပါ ..
ခုလ 9 ရက်မှာလဲ နေ့လည်စာကျွေးရင်း စာအုပ်စာရေးကရိယာ ထောက်ပံ့မှုလုပ်ခဲ့ပါတယ်..
နှစ်ဝက်ကျော်ပြီဆိုတော့ လိုလာပြီလေ ..မှတ်တမ်းပုံတွေနဲ့ ထပ်ပို့ပါမယ်..



အားလုံးအားလုံးကိုလဲ Share ပေးကြပါ..
ပင်ပန်းမကြီး တဲ့ လက်တစ်ကမ်းအကူအညီများနဲ့
ရပ်တည် ဆောင်ရွက်ချင်ပါတယ်..
စိတ်အေးချမ်းသာလွန်းလို့ပါ ဗျာ..

No comments:

Post a Comment