StarFish Picker - ကြယ်ငါးကောက်သူများ မြန်အောင်မြို့။

StarFish Picker- မြန်အောင်မြို့ မှ ကြယ်ငါးကောက်သူများ အဖွဲ့ သည် အမှန်တကယ်လိုအပ်နေသဖြင့် အကူညီတောင်းခံလာသော ညာဏ်ရည်
ထက်မြက်ပြီး ပညာသင်ရန်မတတ်နိုင်တော့သော ကလေးငယ်များ၏
ပညာရေး၊ ကျန်းမာရေး နှင့် မြောက်ချောကုန်းပရဟိတ၊ ကွင်းကလေး
ပရဟိတ၊ ပန်းညိုကွင်းပရဟိတကျောင်းများမှ ကလေးငယ်များ၏ စား၊
ဝတ်၊ နေရေး၊ ကျန်းမာရေး များကိုပါ စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လိုက်လံကူညီ စောင့်ရှောက်ပေးနေကြသည်ကိုလာရောက်ကြည့်ရှုကြသူ
များအား ထပ်တူ ၀မ်းမြောက်ပီတိ ဖြစ်စေချင်သော၊ မျှဝေခံစားစေလို
သော ဆန္ဒဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြန်အောင်မြို့သို့ ရောက်ခဲ့လျှင်လည်း ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ဆက်သွယ်နိုင်ပြီး
ပရဟိတကျောင်းများသို့ လာရောက် ကြည့်ရှု သဒ္ဒါပွါးနိုင်ပါသည်။

Starfish Pickers Blog လေးကို လာရောက် ကြသော မိတ်ဆွေအပေါင်း ကြည်နူးမှုများနှင့် အတူ သာဓု ခေါ်နိုင်ကြပါစေ။

စိတ်နှလုံးမှာ အစဉ် ရွှင်ပြုံးသာယာ နိုင်ကြပါစေ......

လုပ်ဆောင်မှုတိုင်း ကို Update လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ထပ်မံ လာရောက် ကြည့်ရှု သာဓုခေါ်နိုင်ကြစေရန်လည်း ဖိတ်ခေါ်ပါတယ်။

Tuesday, 15 January 2013

1.1.2013 နှစ်သစ်နံနက်ခင်း မျောက်ချောကုန်းပရဟိတကလေးများနဲ့ ကြယ်ငါးကောက်သူများအဖွဲ့ နှစ်သစ်အလှူဒါန



NewYearEve ကို အဖွဲ့လိုက် တစ်ခုခုမလုပ်ကြတော့ဘဲ .. နောက်နေ့မနက် အစောကြီးထကြတယ်
1.1.2013 မနက် 3 နာရီအဖွဲ့လိုက် မျောက်ချောကုန်းသွားကြ ..
ဆိုင်ကယ် 10 စီး .. လူ 18 ယောက် ..မုန့်ဟင်းခါးတောင်း နဲ့ လိုတာတွေသယ်ကြ ..
ဟိုရောက်တော့ မီးမွှေး မုန့်ဟင်းခါးချက် ..
ကလေးတွေကိုနှိုး .. မျက်နှာသစ် သနပ်ခါးလိမ်းပေး..
အကြီးတွေက ရေငင်ပေး .. ပုဂံတွေကူသယ်ပေး ..၀ိုင်းကူကြပါတယ် ..
5.30 မှာ ကလေးတွေကို ဖယောင်းတိုင် 3 တိုင်စီဝေ ..မီးထွန်းပြီး..
စေတီလေးကိုသွား ..မီးပူဇော် .. ဘုရားရှိခိုးကြပြီ ..
ဦးက နှစ်သစ်ရဲ့ ပထမဆုံးနေ့ နဲ့ ထွက်လာမဲ့ နှစ်သစ်ရဲ့နေမင်း ..
မင်္ဂလာရှိရှိ ဘာသာတရားနဲ့ .. နှစ်သစ်နေ့ဦးကိုစတင်တဲ့ပွဲဖြစ်ကြောင်း
..ရှင်းပြပါတယ် ..
မီးရှူးမီးပန်းတွေလွှတ် .. ပေါက်တာပေါက် ..မပေါက်တာမပေါက် ..ပျော်ကြပေါ့..


အားလုံး..အားလုံးတို့ခင်ဗျား ...
1.1.2013 (NewYear) မနက်ခင်း ၊ မျောက်ချောကုန်းပရဟိတ ကလေးများနဲ့
ကြယ်ငါးကောက်အဖွဲ့ နှစ်သစ်အလှူဒါနနဲ့အတူ နှစ်သစ်မနက်ခင်းမှာ
ပျော်စရာလေးတွေရဲ့မှတ်တမ်းပုံများ အားလုံးကို မျှဝေပေးပို့ပါတယ် ..



အားလုံး နှစ်သစ်မှာ အဆင်ပြေအောင်မြင်ကြပါစေ...